ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်မှာ စက်တင်ဘာ ၂၃ ရက် ည ၁၂ နာရီလောက်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ အမျိုးသား တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေခသံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပစ်သတ်ခံရသူဟာ မအူပင်စုရပ်ကွက်မှာနေတဲ့ ဦးမရန်ဇော်ဖန်ဖြစ်ပြီး အမည်မသိ သေနတ်သမားက ပစ်သတ်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူက မူးယစ်ဆေးဝါးသုံးသလို ရောင်းလည်းရောင်းတယ်။ ခု သေနတ်နဲ့ ရှေ့ကနေ ပစ်သွားတာ။ မူးယစ်ဆေးဝါးရောင်းတဲ့နေရာအနားမှာပဲ အပစ်ခံရတာ။ ဘယ်သူပစ်လည်းတော့ မသိဘူး။ ညဘက် သေနတ်သံကြားတယ်၊ မနက် အလောင်းတွေ့တာပဲ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ကာမိုင်းမြို့နယ်မှာ သြဂုတ် ၁၁ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင်ဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ ပါတယ်။