Home
မြန်မာသတင်း
စစ်ဘေးရှောင်များကို ဆေးကုပေးနေသည့်ဆရာဝန်အပါအဝင် ၃ ဦး ဖမ်းဆီးခံရ
DVB
·
September 24, 2021
242917168_539311347145061_4499573101350712179_n

စစ်ဘေးရှောင်တွေကို ဆေးလှည့်ကုပေး‌နေတဲ့ဆရာဝန် တစ်ဦးကို မုံရွာမြို့ ချမ်းမြဝတီရပ်၊ ပါရမီလမ်းရှိ မနောဥယျာဥ် ကချင်ရိုးရာ စားသောက်ဆိုင်မှာ စစ်ကောင်စီတပ်တွေက ဒီနေ့ မွန်းတည့် ၁၂ နာရီလောက် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယင်းမာပင်၊ ကနီမြို့နယ်တို့ရှိ စစ်ဘေးရှောင်များကို ဆေးကုသမှုပေးနေတဲ့ ဆရာဝန်အဖွဲ့က ဆရာဝန်ဒေါက်တာဇော်ထွယ်အောင်နဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားတာလို့ မျက်မြင်သူတစ်ဦးက ပြောပါတယ်။

ဒေါက်တာဇော်ထွယ်အောင်ဟာ စစ်အာဏာသိမ်းပြီးအချိန်ကစပြီး  မုံရွာ ဆန္ဒပြလမ်းကြောင်းမှာ ဒဏ်ရာရသူတွေကို ဆေးကုသပေးခဲ့တာတွေ လုပ်ခဲ့တာတော့ရှိတယ်လို့ ဆရာဝန်နဲ့ရင်နီးသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024