Home
မြန်မာသတင်း
ရန်ကုန်မှ ဘန်ကောက်၊ ဒူဘိုင်း၊ ကွာလာလမ်ပူ MAI ကြောင်းခရီးစဉ်များ ရှေ့လပြေးဆွဲမည်
DVB
·
September 24, 2021

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)က အခုလာမယ့် အောက်တိုဘာလအတွင်း ရန်ကုန်မြို့ကနေ ဘန်ကောက်၊ ဒူဘိုင်း၊ ကွာလာလမ်ပူအထူးလေကြောင်း ခရီးစဉ်တွေ ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

ရန်ကုန်-ဘန်ကောက်လေကြောင်းခရီးစဉ်တွေကိုတော့ လာမယ့် အောက်တိုဘာ ၂ ၊ ၉၊ ၁၆၊ ၂၃ နဲ့ ၃၀ ရက်နေ့တွေမှာ အပတ်စဉ်စနေနေ့တိုင်း အထူးကယ်ဆယ်ရေးလေယာဉ်အနေနဲ့ ပျံသန်းပြေးဆွဲသွား မှာဖြစ်ပြီး ခရီးစဉ်တကြောင်းစာ Economy Class အတွက် အမေရိကန်ဒေါ်လာ ၁၅၀၊ Business Class အတွက် အမေရိကန်ဒေါ်လာ ၃၂၀ သတ် မှတ်ထားပါတယ်။

ရန်ကုန်-ဒူဘိုင်းလေကြောင်းခရီးစဉ်တွေကိုတော့ လာမယ့် အောက်တိုဘာ ၃၊ ၁၀၊ ၁၇၊ ၂၄ နဲ့ ၃၁ ရက်နေ့တွေမှာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အထူးကယ်ဆယ်ရေးလေယာဉ်အနေနဲ့ ပျံသန်းပြေးဆွဲ သွားမှာဖြစ်ပြီး ခရီးစဉ်တကြောင်းစာ Economy Class  အတွက် အမေရိကန်ဒေါ်လာ ၇၅၀၊ Business Class အတွက် အမေရိကန်ဒေါ်လာ ၁၆၅၀ သတ် မှတ်ထားပါတယ်။

ရန်ကုန်-ကွာလာလမ်ပူလေကြောင်းခရီးစဉ်တွေကိုတော့ လာမယ့် အောက်တိုဘာလထဲ အပတ်စဉ်တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း တပတ် ၃ ရက် အထူးကယ်ဆယ် ရေးလေယာဉ်အနေနဲ့ ပျံသန်းပြေးဆွဲသွားမှာဖြစ်ပြီး ခရီးစဉ်တကြောင်းစာ Economy Class အတွက် အမေရိကန်ဒေါ်လာ ၁၆၀၊ Business Class အတွက် အမေရိကန်ဒေါ်လာ ၄၀၀ သတ်မှတ်ထားပါတယ်။

စီးနင်းလိုက်ပါလိုတဲ့ ခရီးသည်တွေအနေနဲ့ ပြည်ဝင်ခွင့်အထောက်အထားလက်မှတ်၊ သက်ဆိုင်ရာ နိုင်ငံသား မဟုတ်သူတွေအတွက် ပြည်ဝင်ခွင့်အထောက်အထားလက်မှတ် အပြင် ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက်လက်မှတ်၊ ခရီးသွားကျန်းမာရေး အာမခံစတာတွေ လိုအပ်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

ခရီးစဉ်လက်မှတ်တွေကိုတော့ သက်ဆိုင်ရာ လက်မှတ်အရောင်းကိုယ်စားလှယ်တွေ အပါအဝင် MAI ရဲ့ Website နဲ့ Mobile App တို့ကတဆင့်လည်း ကိုယ်တိုင် ဝယ်ယူနိုင်ပြီး လိုအပ်တဲ့ အချက်အလက် အသေးစိတ်ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024