Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲကြောင့် ပြည်သူများ ညတွင်းချင်း စစ်ဘေးရှောင်
DVB
·
September 24, 2021
242834375_1028120267754845_3332475784377547507_n

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ကုန်းသာကျေးရွာအနီး  စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား  စက်တင်ဘာ ၂၃ ရက် ညက တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် အနီးနားက ပြည်သူတွေ ညတွင်းချင်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

မနေ့ည ၆ နာရီခွဲလောက်က ကုန်းသာကျေးရွာအနီး ကျောက်ဆယ်ကန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခဲ့ပြီး  စစ်ကောင်စီ တပ်ရင်းတွေကနေ  လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့သလို ငွေတောင်ဘက်မှ ခြေလျင်တပ်တွေနဲ့ ချီတက်လာတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက်  အဲဒီနေရာအနီးက  ဒေသခံပြည်သူတွေလည်း  ညတွင်းချင်းတွင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။ 

ဒါ့အပြင် မနေ့ကတရက်တည်းမှာ ဖယ်ခုံမြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီ တပ်နဲ့ ဖယ်ခုံမြို့နယ် PDF ၊ KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ တကျော့ပြန် ပြန်လည် ဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်စည်းစိမ်တွေထိခိုက်ပျက်စီးခဲ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုစတဲ့ စစ်ရာဇဝတ်မှုတွေကို ကျုးလွန်နေတယ်လို့လည်း KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024