မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၁၁၇ D လမ်း၊ ၄၅ လမ်းနဲ့ ၄၆ လမ်းကြားက MyTel တာဝါတိုင်အနီး စက်တင်ဘာ ၂၄ ရက် မနက် ၄ နာရီ ၄၅ မိနစ်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပါတယ်။
“မနက်အစောကြီး ပေါက်ကွဲသံအကျယ်ကြီး ကြားရတယ်။ MyTel တာဝါတိုင်နား ဖောက်ခွဲတာ။ တာဝါတိုင်ဘေးကျတော့ အပျက်အစီးမရှိဘူးတဲ့။” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။
ဒီဖောက်ခွဲဖျက်ဆီးမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပြီးမကြာခင်မှာ စစ်ကောင်စီတပ်သားတွေရောက်လာပြီး စစ်ဆေးတာတွေ လုပ်တဲ့အပြင် ၄၉ လမ်း နဲ့ ၁၁၄ လမ်းဘက်မှာ ပိတ်ဆို့စစ်ဆေးတာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။