Home
မြန်မာသတင်း
ထီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီဝင် ၃ ဦး နုတ်ထွက်
DVB
·
September 24, 2021
240992816_2670158806618897_8797077553298628740_n

မကွေးတိုင်းဒေသကြီး၊ ထီလင်းမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် အမှုဆောင်ကော်မတီဝင်  တစ်ယောက်အပါအဝင်  ပါတီဝင် ၃ ယောက်နုတ်ထွက်စာ တင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နုတ်ထွက်သွားသူတွေကတော့ ထီးလင်းမြို့နယ်ကံသာရွာမှာနေထိုင်တဲ့ ကြံ့ခိုင်ရေးပါတီမြို့နယ် အမှုဆောင် ဦးဇော်နိုင်ဝင်း၊ ကျေးရွာပါတီ  ဥက္ကဋ္ဌ ဦးခင်မောင်စိန်နဲ့ ရပ်ကျေးစည်းရုံးရေးမှူး ဦးမျိုးဆွေတို့ဖြစ်ကြတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

ကံသာရွာက ကြံခိုင်ရေးပါတီဝင်  ၃ ယောက်ဟာ ပါတီကိစ္စတွေကို လုပ်ဆောင်တော့မှာမဟုတ်ဘဲ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်တော့မယ်ဆိုတဲ့အကြောင်း ပြည်သူတွေကို အသိပေးတဲ့စာကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ထီးလင်းမြို့နယ် အုန်းတောကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် ဦးသန်းလွင်မြင့်ဟာလည်း ပါတီကနေ နုတ်ထွက်စာ တစ်စောင်ကို လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားတယ်လို့ ဆိုပါတယ်။

ထီးလင်းမြို့နယ်ထဲမှာ စစ်ကောင်စီသတင်းပေး ဒလန်ရှင်းလင်းရေးအဖွဲ့တွေက မကြာခဏ သုတ်သင်ရှင်းလင်းနေတာကြောင့် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ နုတ်ထွက်စာ တင်နေကြတာလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024