နမီးဘီးယားနိုင်ငံတွင် လွှတ်တော်ကို ဆန္ဒပြသမားများ ဝင်စီး

အာဖရိက အနောက်တောင်ပိုင်းက နမီးဘီးယားနိုင်ငံရဲ့ လွှတ်တော်ကို စက်တင်ဘာ ၂၁ ရက်က ဆန္ဒပြသူ အယောက် ၃၀၀ လောက် ဝင်ရောက် စီးနင်းခဲ့ပါတယ်။

၁၉၀၄-၁၉၀၈ ခုနှစ်ကြား ဟေရေရိုနဲ့ နမ်မာ လူမျိုးစုတွေကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် ဂျာမနီက လျော်ကြေး အမေရိကန်ဒေါ်လာ တစ် ဘီလီယံ ပေးမယ့် အစီအစဉ်ကို အမျိုးသား ညီလာခံမှာ မဲမပေးခင် ခုလိုစီးနင်းခဲ့တာပါ။

ဓားစာခံ လူ့အဖွဲ့အစည်းတွေက အစဉ်အလာခေါင်းဆောင်တွေနဲ့ အတိုက်အခံတွေ ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ မြို့တော်တဝန်း ချီတက် ခဲ့ကြပြီး လွှတ်တော် အဆောက်အဦထဲကိုဝင်ဖို့ ခြံစည်းရိုးကို တွယ်တက် ခဲ့ကြပါတယ်။

ဒီငွေဟာ နည်းလွန်းတယ်လို့ ငြင်းခုန်ပြောဆိုရင်း ဂျာမနီနဲ့ ညှိုနှိုင်းရာမှာ သူတို့ မပါလို့ ပယ်ချတယ်လို့ ပြောခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် ကိုလိုနီဘဝက သတ်ဖြတ်မှုတွေနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမှုတွေ အတွက် နမီးဘီးယား နိုင်ငံထဲက စီမံကိန်းတွေကို ရန်ပုံငွေ ပံ့ပိုးဖို့ ဂျာမနီက သဘောတူခဲ့ ကြောင်း နမီးဘီးယား အာဏာပိုင်တွေက မေလ ၂၈ရက်မှာ ကြေညာခဲ့တာပါ။

ဂျာမနီကလည်း တိုင်းရင်းသားတွေကို သတ်ဖြတ်မှုအတွက် အဲဒီနေ့မှာပဲ တောင်းပန်ခဲ့ပါတယ်။ ဒီအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာ ပထမဆုံး လူမျိုးတုံး သတ်ဖြတ်မှုလို့လည်း  တရားဝင် ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

တိုင်းရင်းသားတွေက ဂျာမန် အုပ်ချုပ်မှုကို တော်လှန်ပုန်ကန်အပြီး ၁၉၀၄ ကနေ ၁၉၀၈ ခုနှစ်ကြားမှာ ဂျာမန်တွေဟာ ဟေရေရိုနဲ့ နာမာ တိုင်းရင်းသား ထောင်ချီကို သတ်ဖြတ် ခဲ့ပါတယ်။.

ရှင်သန်သူတွေက ကန္တာရထဲကို ထွက်ပြေးပေမယ့် အများအပြားက ထိန်းသိမ်းရေး စခန်းတွေထဲမှာ ကျွန်အဖြစ် အဆုံးသတ်ခဲ့ရသလို တချို့ကတော့ မောပန်းနွမ်းနယ်တာ၊ အဟာရချို့တဲ့တာ နဲ့ အအေးဒဏ် တို့ကြောင့် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up