Home
မြန်မာသတင်း
မြဝတီမြို့၌ ရပ်ထားသည့်ကားပေါ်မှ ပိုက်ဆံအိတ်နှင့် ဖုန်းခိုးယူသူ ၁ ဦး ဖမ်းမိ
DVB
·
September 23, 2021
242711934_540100000392449_6275909363907412485_n
242600747_605584244188276_7425024459795435571_n

ကရင်ပြည်နယ်၊ မြဝတီမြို့မှာရပ်ထားတဲ့ ကားတစ်စီးအတွင်းမှ ပိုက်ဆံအိတ်နဲ့ ဖုန်းကို ခိုးယူခဲ့တဲ့ လမ်းဘေးနေထိုင်သူ တဦး စက်တင်ဘာ ၂၃ ရက် မနက်  ၁၁ နာရီလောက်မှာ ဖမ်းဆီးမိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မြဝတီမြို့ အမှတ် (၄) ရပ်ကွက် တောရဘုန်းတော်ကြီးကျောင်းအနီး မိသားစုဆိုင်ကယ်အရောင်းဆိုင် ရှေ့မှာ ဒီနေ့မနက်ခင်း စျေးလာဝယ်သူတစ်ဦး ရပ်ထားတဲ့ကားအတွင်းမှ ပိုက်ဆံအိတ်နဲ့ဖုန်းကို လူ ၂ ယောက်က ခိုးယူပြီးထွက်ပြေးစဉ် ဝိုင်းဖမ်းဆီးရာမှာ တစ်ဦးလွတ်မြောက်သွားပြီး ကျန်တစ်ဦးကိုတော့ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းမိသူဟာ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ရပြီး လမ်းဘေးမှာနေထိုင်နေရကာ မိသားစုစားဝတ်နေရေး အဆင်မပြေမှုနဲ့ ထမင်းငတ်တဲ့အထိ အခက်အခဲနဲ့ ရင်ဆိုင်နေရသူဖြစ်တယ်လို့ မြိုခံရဲ့ ပြောပြချက်အရ သိရပါတယ်။

အဖမ်းခံရတဲ့သူက ခိုးမှုကျူးလွန်မိပါကြောင်း ဝန်ခံကာ နောက်နောင် မပြုလုပ်တော့ကြောင်း ရှိခိုးတောင်းပန်တဲ့အတွက် ပစ္စည်းတွေ ပြန်လည်ရရှိတဲ့ ကာယကံရှင်က ရဲစခန်းကို မအပ်တော့ဘဲ ပြန်လည်လွှတ်ပေးလိုက်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ကိုဗစ်ကပ်ရောဂါဘေးနဲ့ စစ်အာဏာသိမ်းဘေး ကြောင့်  ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးခက်ခဲ ကျပ်တည်းနေတာကြောင့် ခိုးမှုတွေလည်း မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024