Home
မြန်မာသတင်း
မုံရွာ-ဂန့်ဂေါ-ကလေးကားလမ်းက ထမင်းဆိုင်ပိုင်ရှင်လင်မယား အသတ်ခံရ
DVB
·
September 22, 2021

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ် ၆၆ မိုင် ၆ ဖာလုံ အနီးက ထမင်းဆိုင်ပိုင်ရှင် လင်မယား ၂ ယောက် စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သန့်ထမင်းဆိုင်ပိုင်ရှင်နဲ့ ရင်နီးသူတစ်ဦးက "မနေ့က အသတ်ခံရတာဗျ။ အသတ်ခံရတဲ့ လင်မယားက သန့်ထမင်းဆိုင် ပိုင်ရှင်လင်မယားပါ။ သူတို့ ထမင်းရောင်းနေတုန်း သေနတ်သမားတွေက ဆိုင်ထဲဝင်ပြီး ပစ်ကြတာ။ ဦးခင်မောင်သန်းက ဆိုင်ထဲမှာတင် သေတယ်၊ သူ့မိန်းမ ဒေါ်နွယ်နွယ်ဦးက ထွက်ပြေးရင်း လမ်းကနေကြိုစောင့်နေတဲ့အဖွဲ့က စီးပြီးပစ်တာ အပစ်ခံရတဲ့နေရာမှာတင် သေသွားတယ်။” လို့ ‌ပြောပါတယ်။

အဲဒီလင်မယားဟာ စစ်ကောင်စီတပ်တွေလာရင် ထမင်းကျွေးတာ၊ ဒေသခံ PDF တွေ လှုပ်ရှားတာတာတွေကို စစ်ကောင်စီတပ်အား သတင်းပေးတယ်ဆိုပြီး လူသိများကြတယ်လို့ ဆိုပါတယ်။

ပုလဲမြိုနယ်၊ ဂန်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ အင်းအားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးတွေလုပ်ကာ အပြင်းအထန်ထိုးစစ်ဆင်နေပေမဲ့ နယ်မြေထိမ်းချုပ်မှု မရတဲ့အပြင် တိုက်ပွဲတိုင်းမှာ စစ်ကောင်စီဖက်က အထိခိုက်အကျဆုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နယ်မြေခံပြည်သူကာကွယ်ရေးအဖွဲတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024