Home
မြန်မာသတင်း
လောက်ကိုင်-ချင်းရွှေဟော်လမ်းတွင် မိုးသည်းထန် ယာဉ်တိုက်မှုဖြစ်ပြီး ၃ ဦးသေဆုံး
DVB
·
September 22, 2021
242666141_3233570813449636_486155061304920560_n
242602221_3233568150116569_5555443047631199285_n
242591079_3233567563449961_1807535397710231156_n
242587739_3233569263449791_5691245557763586774_n
242694694_3233569113449806_3652131111461286805_n

ရှမ်းပြည်နယ်၊ လောက်ကိုင်-ချင်းရွှေဟော်လမ်းမှာ မိုးရွာသွန်းမှုကြောင့် စက်တင်ဘာ ၂၁ ရက်က   ယာဉ်မတော်တဆတိုက်မှု ဖြစ်ပွားပြီး   အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။ 

မနေ့မွန်းလွဲ ၂ နာရီ မိနစ် ၅၀ လောက်က လောက်ကိုင်-ချင်းရွှေဟော်လမ်း၊ မိုင်တိုင်အမှတ် (၁၇/၃)မှာ လောက်ကိုင်မြို့မှ မောင်းနှင်လာတဲ့ Mark II အဖြူရောင်ကာတစ်စီးဟာ  မိုးရွာသွန်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းချော်သွားကာ တစ်ဖက်ယာဉ်ကြောမှ မျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့  ၁၀ ဘီးကားနဲ့ ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို မီးသတ်တပ်ဖွဲ့တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်း သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး သေဆုံးသွားတဲ့ Mark II ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား ၁ဦးနဲ့ လိုက်ပါလာတဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦးကို  လောက်ကိုင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo- MFS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024