ရန်ကုန်တိုင်း၊ လှိုင်သာယာမြိုနယ်မှာ စက်တင်ဘာ ၂၁ ရက် ဒီနေ့ ညနေပိုင်းက စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်နဲ့ ဒုရဲမှူးအဆင့်ရှိသူတို့ လိုက်ပါလာတဲ့ကား ဗုံးပစ်ထည့်ခံရတာကြောင့် ကားထဲပါလာသူတွေ ဒဏ်ရာရပြီး ဆေးရုံတင်ပို့လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ လှိုင်သာယာ ရိုးကြီးမှတ်တိုင်နားမှာ ဗုံး ၄ လုံးထက်မက ပေါက်ကွဲခဲ့ပြီးနောက် စစ်ဆေးဖို့လာတဲ့ ဗိုလ်ကြီးအဆင့်ရှိသူရဲ့ ကားထဲ ညနေ ၄ နာရီလောက် ဗုံးပစ်ထည့်ခံရတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဗုံး ၄ လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီးနောက် လက်နက်ကိုင်အချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လှိုင်သာယာမြို့နယ် ဗုံးဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။