Home
မြန်မာသတင်း
မာစီဒီးကားဖြင့် တရားမဝင်မြန်မာလုပ်သားများကို ဘန်ကောက်ပို့သည့် ထိုင်းဇနီးမောင်နှံ ဖမ်းဆီးခံရ
DVB
·
September 21, 2021
242367264_158833696413149_4033323960633789294_n
242388295_576507477031435_8347164589445866394_n
242398340_388514862919137_7387524479466935612_n
242365855_563437895000823_2360790651388159169_n
241786241_514494516326668_9122348140216354966_n
241556452_254962749968690_620040916237631033_n
242401757_664509877859894_1201270621976645452_n

မာစီဒီးကားထဲမှာ ဌာနဆိုင်ရာအင်္ကျီအမျိုးစုံချိတ်ဆွဲပြီး  မြန်မာ-ထိုင်းနယ်စပ်မှတဆင့်  ဘန်ကောက်မြို့ကို  မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တရားမဝင်ပို့ဆောင်တဲ့ ထိုင်းဇနီးမောင်နှံ မဲဆောက်မြို့အရှေ့ပိုင်း အဖွဲ့စုံဂိတ်မှာ စက်တင်ဘာ  ၂၁ ရက်က ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။ 

မဲဆောက်မြို့မှတစ်ဆင့် ဘန်ကောက်မြို့ကို ဦးတည် မောင်းနှင်လာတဲ့ မာစီဒီးကားအမည်းရောက်တစ်စီးကို မဲဆောက်အဖွဲ့စုံဂိတ်မှာ ဌာနဆိုင်ရာ၊ ထိုင်းစစ်တပ်၊ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း စစ်ဆေးရာ ယာဉ်မောင်းသူ နိုင်းဖုန်းစပ်နဲ့ ဇနီးဖြစ်သူတို့မှာ အရှေ့ခန်းထိုင်ပြီး ရခိုင်ပြည်နယ်မှ လာသူ မြန်မာနိုင်ငံသား ၃ ဦးကိုတော့ ယာဉ်အနောက်ခန်းမှာ ထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေ စစ်ဆေးမေးမြန်းရာမှာ ထိုင်းနိုင်ငံပြည်ဝင်ခွင့်စာရွက်စာတမ်းမရှိသလို ထိုင်းနိုင်ငံ ဌာန ဆိုင်ရာတချို့လက်မှတ်နဲ့ ဆင်တူအင်္ကျီတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သူတို့ကို တရားမဝင်လူ မှောင်ခိုသယ်ဆောင်မှုနဲ့ တရားဥပဒေ အတိုင်းအရေးယူနိုင်ဖို့ မဲဆောက် မြို့မရဲစခန်းကို အပ်နှံသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ ကိုဗစ်ကူးစက်မှုနောက်ပိုင်း နယ်စပ်ဖြတ်ကျော်မှုတွေကို နှစ်နိုင်ငံစလုံး တင်းကျပ်ထားပြီး ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာနိုင်ငံဘက်ကို တစ်ရက်ကို အယောက် ၂၀၀ အထက် တစ်ရက်ခြား နေရပ်ပြန်နေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်လက်မဲ့ဖြစ်သူတွေများနေပြီး  မိသားစု  စားဝတ်နေရေးအတွက် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံကို တစ်ရက် အယောက် ၅၀ လောက် တရားမဝင် သွားရောက်နေကြပြီး   အဖမ်းခံရသူရှိနေသလို  လွတ်မြောက်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ရသူတွေလည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024