Sunday, June 11, 2023
HomeLead Storyနိုင်ငံ့ခေါင်းဆောင်များကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) အမှု စွဲချက်တင်ရန် တရားရုံးအမိန့်ချ ၊ အပြစ်မရှိကြောင်းထွက်ဆို

နိုင်ငံ့ခေါင်းဆောင်များကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) အမှု စွဲချက်တင်ရန် တရားရုံးအမိန့်ချ ၊ အပြစ်မရှိကြောင်းထွက်ဆို

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးအပေါ်  စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) အမှုကို စွဲချက်တင်ဖို့  စက်တင်ဘာ ၂၁ ရက် ဒီနေ့ ရုံးချိန်းမှာ အမိန့်ချလိုက်ပါတယ်။

ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက “ စွဲချက်တင်တဲ့အတွက်ကြောင့် ကျမတို့ဘက်က ပြန်ခေါ်သက်သေနှစ်ဦးရှိပါတယ်ဆိုတဲ့အကြောင်းကို လျှောက်ထားတဲ့အခါမှာ နောက်ရုံးချိန်းမှာ ပြန်ခေါ်သက်သေတွေကို စစ်မှာပါ ” လို့ ပြောပါတယ်။

အခုလို ပုဒ်မ ၅၀၅(ခ)နဲ့ စွဲချက်တင်ခံရတဲ့အပေါ် နိုင်ငံ့ခေါင်းဆောင်တွေက သူတို့မှာ အပြစ်မရှိကြောင်  တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

“အမှုနဲ့ပတ်သက်လို့ကတော့ အပြစ်မရှိဘူးဆိုတဲ့အကြောင်းကို ပြောတယ်။ ဒီအမှုနဲ့ပတ်သက်လို့ စွဲချက်တင်တယ်။ အပြစ်ရှိလား မရှိဘူးလား မေးတော့။ မရှိပါဘူးဆိုတဲ့အကြောင်း ပြောတယ်။ သုံးဦးစလုံးက အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်” လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဆိုပါတယ်။

နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုတစ်ခုအတွက်လည်း တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး ကျန်တဲ့ တရားလိုပြသက်သေနှစ်ဦး စစ်ဆေးဖို့ကို နောက်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံ့ခေါင်းဆောင်သုံးဦးစလုံးရဲ့ ကျန်းမာရေးကောင်းမွန်သလို  ထူးထူးခြားခြား မှတ်ချက်ပေး ပြောဆို အမှာစကားပါးလိုက်တာမရှိဘူးလို့လည်း သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular