မြစ်ကြီးနား မြန်မာ့စီးပွားရေးဘဏ်အနီး ပေါက်ကွဲမှုဖြစ်

2.9K
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီးမှာ စက်တင်ဘာ ၂၀ ရက်မနက် ၉ နာရီခွဲလောက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဧရာရပ်ကွက်နေ ဒေသခံတစ်ဦးက “မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ပေါက်တယ်၊ အသံကတော့ အကျယ်ကြီးပဲ မြေကြီး တောင်တုန်သွားတယ်" လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးနေကြပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာ မရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်အဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ထဲက မြို့နယ်တွေမှာ ဗုံးပေါက်ကွဲတာ၊ Mytel တာဝါတိုင် ဖျက်ဆီးခံရတာတွေ မကြာခဏ ဖြစ်နေပါတယ်။