နေပြည်တော်၊ လယ်ဝေးမြို့နယ်ထဲမှာ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းက နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ နေပြည်တော် PDF က ထုတ်ပြန်ပါတယ်။
နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ညီနောင်တပ်ဖွဲ့ဖြစ်တဲ့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ လယ်ဝေးမြို့နယ် အင်ဘုရပ်ကွပ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပြည်သူဘက်ကို မရပ်တည်တဲ့စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ကို လျှပ်တပြက် တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ နေပြည်တော် PDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း မြို့ပြတိုက်ပွဲ ပြုလုပ်နေတဲ့ အချိန်မှာ အပြင်ကိုထွက်မကြည့်ဘဲ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့နဲ့ လိုအပ်ပါက PDF တပ်ဖွဲ့ဝင်တွေကို အကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။