Home
မြန်မာသတင်း
ကျောက်မဲတွင် ရေကြီးရေလျှံပြီး လူနေအိမ်အချို့ရေဝင်
DVB
·
September 20, 2021
242352799_886881498933282_4074166479604628236_n
242293896_886907668930665_3005210135491014357_n
242190170_390517746130508_5283877614540834870_n
242164991_390517819463834_4756079143354177351_n
242134461_390517859463830_4853121507619435073_n
242010298_390517912797158_3082384551553831920_n
241447688_886881715599927_4123065617008712863_n
241410133_886881592266606_780419975474729853_n
241289408_886881628933269_4871830615407532027_n

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာ စက်တင်ဘာ ၁၉ ရက် မနေ့မနက်ကစပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ လူနေအိမ်တချို့ ရေဝင်နေလို့ ရေကြီးတဲ့ ရပ်ကွက်နေပြည်သူတွေ အိမ်ထောင်ပစ္စည်းတွေ ရွေ့ပြောင်း ခဲ့ကြရပါတယ်။ 

မနေ့ညက မိုးတဖွဲဖွဲစရွာပြီး ဒီမနက် ၂ နာရီလောက်မှာ မိုးသည်းထန်လာကာ နမ့်စောင်း ငေါင်းချောင်းရေလျှံတာကြောင့် ရပ်ကွက် ၃ ၊  ရပ်ကွက် ၆ နဲ့ ရပ်ကွက် ၈ က နေအိမ်တချို့ ရေတွေဝင်နေတာလို့ ကျောက်မဲ နမ့်ခုံးသာရေးနာရေးကူညီမှုအသင်းဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“မိုးကြီးတာက မနက် ၂ နာရီလောက်ကပေါ့ ၊ အိမ်နဲ့ လမ်းပေါ်မှာရေတွေဝင်လာတာက မနက် ၃ နာရီလောက်မှာပါ၊ အဓိကကတော့ နမ့်စောင်းငေါင်းချောင်းစပ်တလျှောက်က အိမ်တွေ၊ ရပ်ကွက် ၃၊ ရပ်ကွက် ၆ နဲ့  ရပ်ကွက် ၈ ထဲမှာပါ ၊ အပျက်အစီးက အုတ်တံတိုင်းတွေပြိုတာ ရှိတယ်။ ပစ္စည်းရွှေ့ပြောင်းဖို့ အချိန်မရလိုက်တဲ့အိမ်တွေ အိမ်ထောင်ပရိဘောဂ အပျက်အစီး နည်းနည်းပါး ပါး ရှိပါတယ်။”

နမ့်ခုံးအသင်းဝင်တချို့လည်း ရေကြီးတဲ့ရပ်ကွက်ထဲမှာ ပစ္စည်းတွေကူရွှေ့ပေးနေကြ ကြောင်း၊ နောင်ပိန် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းကလည်း ရေကြီးလို့ ထမင်းဟင်း မချက်နိုင်တဲ့ မိသားစုဝင်တွေအတွက် ထမင်းထုတ်ပေါင်း ၃၀၀ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

ကျောက်မဲမှာ မိုးသည်းထန်ရင် နမ့်စောင်းငေါင်းချောင်းရေလျှံကျတာ နှစ်စဉ်လိုဖြစ်ပြီး ကနေ့မနက်ရေကြီးတာက မြန်သလို ရေကျတာလည်းမြန်ကြောင်း၊ အခု မနက် ၁၁ နာရီ လောက် မှာလည်း သက်ဆိုင်ရာကူညီကယ်ဆယ်ရေးအဖွဲ့က ရေတွေစုပ်ထုတ်နေသလို သူ့အလိုလိုလည်း ပြန်ကျနေတယ်လို့ ကျောက်မဲဒေသခံကပြောပါတယ်။ 

Photo-Visit KyaukmeThaungpaw Tharlay

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024