မက်ဆီ၏ ၃ နှစ်စာ လုပ်ခ ယူရိုသန်း ၁၁၀ ရရှိမည်

လီယွန်နယ်မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ စာချုပ်ပါ အချက်အလက်တွေ ပေါက်ကြားခဲ့ပြီး ၃ နှစ်စာ လုပ်ခအနေနဲ့ ယူရိုသန်း ၁၁၀ ရရှိမယ်လို့ သိရပါတယ်။ 

အသက် ၃၄ နှစ်ရှိ မက်ဆီဟာ ပီအက်စ်ဂျီနဲ့  ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေမဲ့ ပြင်သစ်သတင်းဟာ L’Equipe က ဖော်ထုတ်ရေးသားခဲ့တာပါ။ 

မက်ဆီဟာ အခုနှစ်ရာသီမှာ လုပ်ခအနေနဲ့ ယူရိုသန်း ၃ဝ ရရှိမှာဖြစ်ပြီး လက်ကျန် ၂ နှစ်မှာတော့ တစ်နှစ်ကို ယူရိုသန်း ၄၀ တိုးမြှင့်ရရှိမှာဖြစ်တယ်လို့ L’Equipe ကဖော်ပြပါတယ်။

မက်ဆီအနေနဲ့ ဘာစီလိုနာမှာဆက်ရှိမယ်ဆိုရင် လုပ်ခ ၅ဝ ရာခိုင်နှုန်း အနုတ်ခံရအပြီးမှာ ယူရိုသန်း ၃ဝ ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းဆီပြောင်းရွှေ့ရာမှာ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ဆုကြေးတစ်စုံတစ်ရာမရပေမဲ့ အသင်းအပေါ်သစ္စာရှိမှုဆု ကြေးအနေနဲ့ တစ်နှစ်ကို ယူရို ၁၅ သန်းရရှိမယ်လို့လည်းသိရပါတယ်။

မက်ဆီရဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း ၃ဝ ဟာ အသင်းဖော်တွေဖြစ်ကြတဲ့ နေမာ၊ အမ်ဘာပေတို့ထက် ပိုပြီးများပြားတယ်လို့လည်း ပြင်သစ်သတင်းစာက ရေးသားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up