NUG အစိုးရက ခန့်အပ်ထားတဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်နဲ့ ကိုရီးယားအခြေစိုက် မြန်မာအဖွဲ့အစည်း ၂၆ ဖွဲ့ ပူးပေါင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာကိုယ်စားလှယ်အနေနဲ့ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ရာမှာ အင်အားဖြစ်စေဖို့၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အဓိကကျတဲ့ ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်းများရဲ့ အကြံဉာဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိစေဖို့အတွက် အဖွဲ့တွေနဲ့ ပူးပေါင်းရခြင်းလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို ပူးပေါင်းဆောင်ရွက်မယ်အဖွဲ့တွေကို “NUG Support Team Korea” လို့ အမည်ပေးထားပါတယ်။
မြန်မာကိုယ်စားလှယ်အနေနဲ့ NUG Support Team Korea ရဲ့ အဖွဲ့ဝင် အသင်းအဖွဲ့များကို လိုအပ်သလို ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမယ်လို့လည်း ဆက်လက်ထုတ်ပြန်ထားပါတယ်။