စစ်တပ် တပ်စွဲထားသည့် မန္တလေး လေးမျက်နှာဘုရားအနီး ဗုံးပေါက်ကွဲ
DVB
·
September 18, 2021
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း (လမ်း ၁၁၀) နဲ့ ၅၇ A လမ်း ၊ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ လေးမျက်နှာဘုရားအနီးမှာ စက်တင်ဘာ ၁၈ ရက် မနက် ၉ နာရီ၊ မိနစ် ၄၀ လောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
လိုက်ထရပ်ကားနဲ့ လာရောက်ပြီး အနောက်ခန်းမှာ ထိုင်တဲ့သူက လက်လုပ်ဗုံးနဲ့ ပစ်သွားတာဖြစ်ကာ ထိခိုက်ပျက်စီးတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဗုံးကွဲပြီးမကြာခင်မှာ လေးမျက်နှာဘုရားအတွင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တွေ ထွက်လာပြီး ဆဲဆိုပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။