ဓာတ်မြေဩဇာဈေး အဆမတန်မြင့်တက်မှုကြောင့် လောင်းလုံးတောင်သူများ အခက်အခဲဖြစ်နေ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက တောင်သူလယ်သမားတချို့ဟာ ဓာတ်မြေဩဇာဈေး အဆမတန်မြင့်တက်လာမှုကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

အသီးအားကောင်းဖို့ ဓာတ်မြေဩဇာပေးသွင်းရမယ့် အချိန်မှာ ဓာတ်မြေဩဇာဈေး အဆန်မတန်မြင့်တက်လာမှုနဲ့အတူ အရှုံးပေါ်မှာ စိုးရိမ်နေကြတယ်လို့ တောင်သူတဦးက ပြောပါတယ်။

"မနှစ်က ဒီချိန်ဆို ၃ သောင်းဝန်းကျင်လောက်ပဲ၊ အခုက ၆ သောင်းဝန်းကျင်‌တောင် ဖြစ်နေပြီ။ ရိတ်သိမ်းခတွေလည်း ဈေးကြီးလာနိုင်တယ်၊ စပါးဈေးမရှိဘဲ အရှုံးပေါ်မှာကိုစိုးရိမ်နေတာပေါ့။" 

ဓာတ်မြေဩဇာဈေးမြင့်တက်မှုကြောင့် တစ်ချို့တောင်သူတွေက ဓာတ်မြေဩဇာ‌ပေးသွင်းရမယ့်ကိစ္စ အခက်အခဲဖြစ်နေသလို တစ်ချို့တောင်သူတွေကလည်း ချေးငှားပြီး ဝယ်နေရတယ်လို့လည်း ဆိုပါတယ်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စပါးစိုက်ဧက ၄၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up