Home
မြန်မာသတင်း
ဆိပ်မူရွာက မိုင်တဲလ်တာဝါတိုင်ကို ဖောက်ခွဲဖျက်ဆီး
DVB
·
September 17, 2021
242218336_3033469786980762_8054890567953439840_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဆိပ်မူကျေးရွာက မိုင်တဲလ် တာဝါတိုင်တစ်ခု စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

ဆိပ်မူကျေးရွာ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ဟာ ညနေ ၆ နာရီခွဲလောက်က ဖောက်ခွဲဖျက်စီးခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"မိုင်းနဲ့ ဖောက်ခွဲသွားတာ တစ်ချက်တည်းပဲ သိပ်ပျက်စီးသွားတာတော့ မရှိဘူး။ လိုင်းချိန်စက်တွေ ပျက်စီးသွားတယ်။ တိုင်ကတော့ လဲမသွားဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆိပ်မှုကျေးရွာမှာပဲ စက်တင်ဘာ ၁၃ ရက်က ကျောက်စိမ်းလုပ်ကွက်တွေကို စောင့်ကြည့်ဖို့ တပ်ဆွဲထားတဲ့ ရဲကင်းစခန်းတစ်ခုကို အမည်မသိအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း နေ့စဉ်ဆန္ဒပြနေကြပြီး မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဖားကန့်မြို့နယ်မှာ သြဂုတ် ၂၀ ရက်ကစပြီး ဒီနေ့အထိ အော်ပရေတာ အသီးသီးရဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024