
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ရွာတစ်ရွာနားမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင် ၂ ခုကို စက်တင်ဘာ ၁၆ ရက် ည ၁၂ နာရီလောက်က တပြိုင်နက်ထဲ ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
“ဖောက်ခွဲတာ ဟုတ်ပါတယ်။ စစ်ကောင်စီရဲ့ထောက်တိုင်တွေကို ဒါပထမဆုံးစပြီး ဖောက်ခွဲ ဖျက်ဆီးတာပဲ။ ရွာအမည်တွေတော့ ထည့်မရေးပါနဲ့ဗျာ ဒေသခံတွေ နာမှာ စိုးလို့ပါ” လို့ ဖောင်းဒိုင်း အဖွဲ့က ပြောပါတယ်။
ဝက်လက်မြို့နယ်အတွင်းက ဖောင်းဒိုင်းဖေါင်းဒိုင်းအဖွဲ့ဟာ စက်တင်ဘာ ၁၁ ရက်ကလည်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ရှင်းလင်းသုတ်သင်ခဲ့တာဖြစ်ပါတယ်။