ပုသိမ်ကြီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးနေအိမ် လက်လုပ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့ မြို့မရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ရဲ့ နေအိမ်တွေ စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခံရတယ်လို့ သိရပါတယ်။

မနက် ၄ နာရီခွဲကျော်အချိန်က ပုသိမ်ကြီး - ဇီးချိုကုန်းသွား ကားလမ်းဘေးရှိ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချိုဝင်းရဲ့ နေအိမ် လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရတာပါ။

မနက် ၅ နာရီမှာတော့ မြို့မရပ်ကွက်၊ ရန်ကင်းအောင်ရပ်ရှိ ရာအိမ်မှူး ဦးနိုင်နိုင် ရဲ့ နေအိမ်ကို ဆိုင်ကယ်နဲ့ အမည်မသိ လူ ၂ ယောက်က လက်လုပ်ဗုံးနဲ့ လာရောက်ပစ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“မနက်အစောကြီးပိုင်းက ပေါက်ကွဲသံကြားတယ်။ ရန်ကင်းအောင် ဘက်လည်းဗုံးပေါက်တယ် ပြောကြတယ်။ သေနတ်ပစ်သံတွေလည်းကြားတယ်။”

မြို့မရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ရဲ့ နေအိမ်တွေ လက်လုပ်ဗုံးနဲ့ ပစ်ခံရပေမယ့် လူထိခိုက်တာမရှိဘဲ နေအိမ်အနည်းငယ်ပျက်စီးတာပဲ ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up