Home
မြန်မာသတင်း
မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်ထားပြီဟု ကြေညာ
DVB
·
September 16, 2021
241474914_1701708973493364_7834701338086127155_n

မွန်ပြည်နယ်မှာ အခြေစိုက်တဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကို ဖွဲ့စည်းပြီးကြောင်းနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ဆင်ထားပြီလို့  MSDF တပ်က ဒီကနေ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ဟာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ရရာလက်နက်စွဲကိုင် တော်လှန်နေတဲ့ မွန်ပြည်နယ်အတွင်းက ပြည်သူ၊ ပြည်သား တိုင်းရင်းသားလူမျိုးတွေနဲ့  ဖွဲ့စည်းထားတယ်လို့ ဆိုထားပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ  NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ စစ်ကောင်စီကို တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

တိုက်ခိုက်ချေမှုန်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေး အဆောက်အဦးတွေ၊ စစ်တပ်၊ ရဲစခန်းတွေကို ဦးတည် ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားကို အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024