Home
မြန်မာသတင်း
ပုလဲမြို့နယ် ပန်းရွာတွင် စစ်အုပ်စုက ရွာသား ၄၀ ခန့်ကို ဖမ်းဆီးပြီး ဆိုင်ကယ် ၈ စီးသိမ်းယူ
DVB
·
September 16, 2021
241189211_831964864044213_5634013797379941931_n

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပန်းရွာမှာ စက်တင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်တွေ  ရွာထဲ ဝင်လာပြီးနောက် ရွာသား ၄၀ ဝန်းကျင်ကို ဖမ်းဆီးကာ နေအိမ်တွေက ဖုန်းနဲ့ဆိုင်ကယ် ၈ စီးကို သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"မနက် ၈ နာရီလောက် ရွာထဲ ဝင်လာတာ။ ရွာကလူတွေလည်း ရုတ်တရက်ဆိုတော့ ပြေးဖို့က မမီတော့ဘူး။ သူတို့က အိမ်တွေမှာ ဖျက်ဆီးပြီးမွှေနေတာ။ ည ၇ နာရီလောက်ကျတော့ စစ်ကားနှစ်စီးနဲ့ ရွာထဲကို အင်အားထပ်တိုးရောက်လာတယ်။ တရွာလုံးလည်း ပြေးနေကြပြီ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာသားတွေကို ဖမ်းဆီးပြီး CDM လုပ်တဲ့ ဆေးမှူးကိုလည်း နေအိမ်မှာ ဝင်ရောက်ရှာဖွေ ဖမ်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေထဲမှာ စစ်တပ်က စစ်သားရဲ့အဖေပါတာကြောင့် စစ်သားက ဖုန်းဆက်ပြောတဲ့အခါ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

"ရွာထဲကအိမ်တွေကို ဝင်ရှာဖွေဖျက်ဆီးတယ်။ စျေးဆိုင်တွေထဲက ပစ္စည်းတွေလည်း ယူတယ်။ ခုက အားလုံးက ရွာကို ပစ်ပြီးပြေးနေရတာဆိုတော့ အိမ် ဘယ်လောက် ဖျက်ဆီးခံထားရလဲဆို​တာ အတိအကျ မသိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ရွာထဲကို စစ်အုပ်စုက ဝင်လာတာကြောင့် ထွက်ပြေးရတဲ့သူတွေထဲမှာ မကျန်းမာတဲ့သူတွေ၊ အသက်ရွယ်ကြီးရင့်သူနဲ့အောက်ဆီဂျင်အသုံးပြုနေရသူတွေပါတာ​ကြောင့် ထွက်ပြေးတိမ်းရှောင်ရ တာ အခက်ခဲဖြစ်နေတယ်လို့သိရပါတယ်။ 

စစ်အုပ်စုက ဘာမှမပြောဘဲ ပန်းရွာထဲဝင်လာပြီး ရှာဖွေတာတွေ လုပ်ဆောင်တဲ့အပြင် ရွာထဲ က ဝက်တွေကိုလည်း ချက်စားနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024