Home
မြန်မာသတင်း
ကလေးမြို့တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး ၃ ဦးသေဆုံး
DVB
·
September 16, 2021
242016270_2924158087899095_3594379658054444227_n

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခဲ့တယ်လို့ ကလေး PDF အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ကလေးမြို့ တောင်ဘက်ကနေ အိမ်စီးကား၊ စစ်ကားတွေနဲ့ စစ်ကောင်စီယာဉ်တန်းဟာ နည်းပညာတက္ကသိုလ် (GTC) အနီးမှာ ‌ခေတ္တရပ်တန့်ပြီး အကြမ်းဖက်စစ်သားအချို့ ကား‌ပေါ်ကဆင်းကာ လမ်းဘေးဝဲယာ မိုင်းရှာ‌ဖွေရှင်းလင်းဖို့ ကြိုးစားနေချိန် ကလေး PDF တပ်ဖွဲ့ဝင်တွေက အသင့်တပ်ဆင်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံမှုကြောင့် အကြမ်းဖက်စစ်သား အနည်းဆုံး ၃ ဦး မိုင်းထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုင်းခွဲခံရပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024