Home
မြန်မာသတင်း
ဘီးလင်းမြို့နယ်၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပစ်ခံရ
DVB
·
September 15, 2021
242074878_1701063680224560_5829759293277765102_n

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်ကို စက်တင်ဘာလ ၁၅ ရက် မနက် ၇ နာရီအချိန်က ဗုံးပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘုန်းကိုရဲ့ နေအိမ်ကို အမည်မသိ ဆိုင်ကယ်သမား ၂ ဦးက လာရောက်ပြီး လက်လုပ်ဗုံးနဲ့ ပစ်သွင်းခဲ့တာ ဖြစ်ပါတယ်။
နေအိမ်အတွင်း ဗုံးပစ်ခံရလို့ လူထိခိုက်ဒဏ်ရာနဲ့ သေဆုံးတာ မရှိပေမယ့် နေအိမ်နဲ့ ခြံစည်းရိုး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘုန်းကိုရဲ့ နေအိမ်နဲ့ ရုံးကို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လက်လုပ်ဗုံး ပစ်သွင်းခံခဲ့ရပေမယ့် ပေါက်ကွဲမှု မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ် ဗုံးပစ်သွင်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက် စစ်ဆေးသွားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024