ချဲလ်ဆီးက နေရာစုံမှာတောင့်တင်းသည့် အသင်းဖြစ်နေပြီဟု ဖာဒီနန်နှင့် ဂျိုကိုးလ်တို့ ချီးကျူး

လက်ရှိ ဥရောပချန်ပီယံချဲလ်ဆီးအသင်းမှာ နေရာစုံမှာ တောင့်တင်းတဲ့အသင်းကောင်းဖြစ်နေပြီလို့ အင်္ဂလန် ကစားသမားဟောင်းတွေဖြစ်တဲ့ ဖာဒီနန်နဲ့ ဂျိုကိုးလ်တို့က ချီးကျူးပါတယ်။

ဇင်းနစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းကို ဖာဒီနန်နဲ့ ဂျိူကိုးလ်တို့က  BT Sport ကနေ သုံးသပ်ချီးကျူးခဲ့ကြတာပါ။

ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်မှာ ဟန်ချက်အညီဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပြီး နေရာစုံမှာ တောင့်တင်းတဲ့လူစာရင်းရှိနေတယ်လို့ ဂျိုကိုးလ်ကပြောပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်ကလည်း ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့တာက ယုံ ကြည်မှုကိုမြှင့်တင်ပေးခဲ့ပြီး ချဲလ်ဆီးအသင်းကထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်နေပြီလို့ ချီးကျူး ပါတယ်။ 

တခြားအသင်းတွေအတွက်တော့ ချဲလ်ဆီးအသင်းရဲ့ ကစားပုံကို ကြည့်ပြီး အံ့အားသင့် နေနိုင်ကြောင်း၊ ခြေစွမ်းအတက်အကျတွေရှိခဲ့ပေမယ့်လည်း ချဲလ်ဆီးအသင်းက မေးခွန်းပေါင်းများ စွာကို လက်ရှိခြေစွမ်းနဲ့ ဖြေကြားပေးနေကြောင်း ဖာဒီနန်က ချီးကျူခဲ့ပါတယ်။ 

ချဲလ်ဆီးတိုက်စစ်မှာ အင်တာမီလန်ကနေခေါ်ယူထားတဲ့ တိုက်စစ်မှူးလူကာကူက အသင်းအတွက် ပထမဆုံး ၄ ပွဲမှာ ၄ ဂိုး သွင်းယူထားပါတယ်။ ကွင်းလယ်ပိုင်းမှာ ဥရောပအကောင်းဆုံးဆုရ ယော်ဂင်ညို၊ ကန်တေတို့အပြင် တီမိုဗာနာ၊ ဇီယက်ချ်၊ ခိုင်ဟာဗက်ဇ်၊ မေဆန်မောင့်၊ပူလီဆစ် အစရှိ တဲ့ တိုက်စစ်ကစားသမားကောင်း တွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

More News
Up