Home
မြန်မာသတင်း
အာဏာရှင်အမြစ်ပြတ်ရေး တိုက်ပွဲအရှိန်မြှင့်ရန် LGBT Union-Mandalay ဖွဲ့စည်း
DVB
·
September 15, 2021
241184660_2918898791696932_2163357075197865113_n

ဖက်ဒရယ်ဒီမိုကရေစီအရေး၊ အာဏာရှင်အမြစ်ပြတ်ရေး၊ သပိတ်တိုက်ပွဲတွေအပါအဝင် တော်လှန်ရေးကဏ္ဍအသီးသီးမှာ ပါဝင်ဆောင်ရွက်နိုင်ရေး၊ လူ့အခွင့်အရေး၊ LGBT အခွင့်အရေး စတာတွေကို အရှိန်မြှင့်‌ဆောင်ရွက်နိုင်ဖို့ LGBT Union-Mandalay ကို ဖွဲ့စည်းလိုက်တယ်လို့ အဖွဲ့တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

LGBT Union-Mandalay ဟာ မန္တလေးမြေပြင်သပိတ်တွေမှာ ပါဝင်နေတဲ့ LGBTအင်အားစုတွေကို အခြေတည်ပြီး ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြေပြင်သပိတ်တွေကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး CDMမှာပါဝင်ထားတဲ့ LGBTတွေနဲ့ ဖမ်းဆီးခံ LGBT တွေကိုလည်း ထောက်ပံ့မှုတွေ လုပ်သွားမယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ LGBTတွေရဲ့ ပါဝင်မှုနဲ့ LGBTတွေရဲ့ ဖြစ်မှုတွေကို လက်ခံပေးဖို့၊ ခွဲခြားဆက်ဆံမှုတွေ မရှိဖို့အတွက်လည်း မျှော်လင့်တယ်လို့ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024