စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း စက်တင်ဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်သားတွေရဲ့ ကား ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၂ ဦးထက်မနည်း သေဆုံးတယ်လို့ သိရပါတယ်။
ညနေ ၃ နာရီဝန်းကျင်က မန်ကျည်းဘုတ်ရွာအနီးမှာ လူနာတင်ကားတွေနဲ့ စစ်ကောင်စီတပ်သားတွေ ဝင်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြောင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခံရပြီးမကြာခင်မှာ မန်ကျည်းဘုတ်ရွာအနီးမှာ စစ်ကောင်စီတပ်သားတွေက ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ညနေ ၆ နာရီဝန်းကျင်မှာ မန်းကျဉ်းဘုတ်ကနေလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ကားကို ငလုံးတင်ရွာအနီးမှာ နောက်တစ်ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် အထိအခိုက် အသေအပျောက်ရှိနိုင်ပြီး အတိအကျကိုတော့ မသိရသေးဘူးလို့ တယ်လို့ မြောင် PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အနီးအနားကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက ရမ်းကား ပစ်ခတ်တာတွေ ရှိတယ်လို့ သိရပါတယ်။