ဆိုက်ဘေးရီးယား သစ်တောထဲသို့ ရုရှားလေယာဉ်အရေးပေါ်ဆင်းသက်၊ လူ ၄ ဦး သေဆုံး

6K
ဆိုက်ဘေးရီးယားအရှေ့တောင်ပိုင်းက သစ်တောထဲကို ခရီးသည် ၁၄ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၂ ယောက်ပါလာတဲ့ ရုရှားလေယာဉ်အသေးတစီး စက်တင်ဘာ ၁၂ ရက်က အရေးပေါ် ဆင်းသက်ခဲ့ရပြီး လူ ၄ ဦး သေဆုံးတယ်လို့ ရုရှား အရေးပေါ်ကိစ္စရပ်များဆိုင်ရာဝန်ကြီးဌာနက ပြောပါတယ်။
L-410 အသေးစား ခရီးသည်တင်လေယာဉ်ဟာ အီရာကွတ်ခ်စ်မြို့ကနေ ကာဇာချင်စကန်ရွာဆီ ၂ မိုင်ခွဲ အကွာအဝေး ခရီးကို ပျံသန်းနေခဲ့တာလို့ စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။
ပစ္စည်းတခုခု ပျက်ခဲ့တယ်လို့ လေယာဉ်အမှုထမ်းတွေက အရေးပေါ် မဆင်းသက်မီ အစီရင်ခံခဲ့တယ်လို့ ဒေသခံ အရေးပေါ်ဌာနရဲ့ရဲ့ ပြောဆိုချက်ကိုကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက ရေးပါတယ်။
လေယာဉ် အရေးပေါ် ဆင်းသက်အပြီး လေယာဉ်ထဲမှာ လူ ၁၁ ယောက် ပိတ်မိနေတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။