
ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ၆ ယောက်ကို စက်တင်ဘာ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
စစ်သားတွေ၊ ရဲတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့ဟာ ဆွိုင် ယော့ခ်ခရိုင်ထဲမှာ သူတို့စီးနင်းလိုက်ပါလာတဲ့ တိုယိုတာ ဗစ်ဂိုပစ်ကပ်ကားတစီးကို စစ်ဆေး တွေ့ရှိခဲ့ကြတာပါ။
ကားပေါ်မှာတော့ မြန်မာအမျိုးသား ၅ ယောက်၊ အမျိုးသမီး ၁ ယောက်နဲ့အတူ ကားကို မောင်းနှင်လာသူ ကန်ချနဘူရီမှ အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသမီး သီထိ ခန် ချန်ရူဝန်ကိုပါ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ ၆ ယောက်ဟာ မြန်မာနိုင်ငံ၊ ထား ဝယ်နဲ့ ပဲခူးမြို့တွေကနေ ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်ထဲမှာ အလုပ်လုပ်ဖို့အတွက် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြတာဖြစ်ကာ တယောက်ကို ဘတ် ၁၈,၀၀၀ ကနေ ၂ သောင်းထိ ပွဲစားခ ပေးခဲ့ကြရတယ်လို့ ပြောပါတယ်။
ကားမောင်းပို့သူ ထိုင်းအမျိုးသမီး သီထိခန်ကတော့ သူ့အနေနဲ့ အလုပ်လုပ်မယ့် နေရာတွေအရောက် တယောက်ကို ဘတ်ငွေ ၃,၀၀၀ နဲ့ ပို့ဆောင်ခယူခဲ့တယ်လို့ ထွက်ဆို ပါတယ်။ လတ်တလောမှာတော့ သူတို့ကို ဆွိုင်ယော့ခ်ရဲစခန်းဆီ လွှဲအပ်ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ ကူးစက်ရောဂါဆိုင်ရာ အက်ဉပဒေချိုးဖောက်မှုတွေနဲ့ အ ရေးယူခံရမှာဖြစ်ကာ ကားမောင်းပို့သူ အမျိုးသမီးကတော့ တရားမ၀င်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူတွေကို အကူအညီပေးမှုနဲ့ တရားစွဲခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။