တမူးမြို့ ၌ အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ဒဏ်ရာများဖြင့် အလောင်းပြန်တွေ့

3.4K
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့ အမျိုးသားတစ်ယောက်ရဲ့ အလောင်းကို စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။
ဂေါ်ရခါးလူမျိုး ကိုရာဂျား ဆိုသူကို စက်တင်ဘာ ၁၀ ရက် ည ၁၀ နာရီလောက်က စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဒီနေ့ မနက်ပိုင်းမှာတော့ သူ့ကို စော်ဘွားရပ်ကွက်၊ မြေနီကုန်းဘုန်းကြီးကျောင်းအနီးမှာ အလောင်းပဲ ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူရဲ့ခန္ဓာကိုယ်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေအပြင် ကျည်နဲ့ ပစ်ခံရတဲ့ ဒဏ်ရာတွေပါ တွေ့ရှိရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စန္ဒကူးရပ်ကွက်မှာနေထိုင်တဲ့ ကိုရာဂျားဟာ သူငယ်ချင်းအိမ်ကနေ ပြန်လာချိန် ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတာ ဖြစ်ပါတယ်။