အီတလီ ပန်တယ်လဲရီယားကျွန်း၌ လေဆင်နှာမောင်းတိုက်ခတ်၊ ၂ ဦး သေဆုံး

အီတလီနိုင်ငံ၊ ပန်တယ်လဲရီယားကျွန်းငယ်မှာ  ကမ်းရိုးတန်းတလျှောက်ကို ရှားရှားပါးပါး လေဆင်နှာမောင်း တိုက်ခတ်လို့ လူ နှစ်ယောက်  သေဆုံးပြီး ကိုးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

လေပြင်းမုန်တိုင်းကြောင့် ကားတွေ လွင့်စင်သွားပြီး ကမ်းရိုးတန်းလမ်းတွေပေါ် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ကားတွေ ပက်လက်လန်ပြီး ပြောင်းပြန်မှောက်နေပုံတွေနဲ့ ထိခိုက်ပျက်စီးနေတဲ့ အဆောက်အအုံတွေကို ရိုက်ကူးထားတဲ့ပုံတွေကို ဒေသခံတဦးက ဗီဒီယို ဖြန့်ချိထားပါတယ်။ 

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် တာဝန်ပြီးဆုံးလို့ ပြန်လာတဲ့ မီးသတ်သမား တယောက် သေဆုံးပါတယ်။ 

နာမည်ကြီးခရီးသွားနယ်မြေ စစ္စလီကျွန်းမှာ စက်တင်ဘာ ၁၀ ရက် ညနေက ကားနဲ့ခရီးသွားခဲ့တဲ့ အသက် ၈၆ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးသွားပါတယ်။

စက်တင်ဘာ ၁၁ ရက် စနေနေ့မှာတော့ ကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနိုင်ခြေ ရှိနေသူတွေကို လိုက်ရှာနေပြီး မုန်တိုင်းကြောင့်ပျက်စီး သွားတဲ့လမ်းတွေကို ပြန်ဖွင့်ဖို့ လုပ်ဆောင်နေပါတယ်။

More News
Up