Home
မြန်မာသတင်း
ကျိုက်ထိုက Mytel တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးခံရ
DVB
·
September 11, 2021
241778818_1698090930521835_6617778362589979658_n

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာက Mytel တာဝါတိုင် စက်တင်ဘာ ၁၁ ရက် မနက် ၅ နာရီလောက်မှာ  မိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက  ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတာဝါတိုင်ကို အမည်မသိ လူတစုက မိုင်းထောင်ဖောက်ခွဲခံခဲ့ရတာ ဖြစ်ပြီး၊ ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိတာမရှိဘူးလို့ သိရပါတယ်။

ဖောက်ခွဲပြီးနောက် တာဝါတိုင်ပြိုကျတာ မရှိပေမယ့် စက်ခန်းအတွင်းက ဆက်သွယ်ရေးစက် ပစ္စည်း‌တွေ ပျက်စီးသွားခဲ့ပါတယ်။

တာဝါတိုင် ဖောက်ခွဲခံခဲ့ရတဲ့အတွက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိုင်တဲ တာဝန်ရှိသူတွေ လာရောက် စစ်ဆေးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Mytel တာဝါတိုင် မိုင်းထောင်ဖောက်ခွဲခံရတာဟာ စစ်တပ် အာဏသိမ်းပြီးနောက် မွန်ပြည်နယ်မှာ ပထမဦးဆုံးအကြိမ် ဖောက်ခွဲခံလိုက်ရတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက  Mytel နဲ့ MPT တာဝါတိုင်တွေမှာ လုံခြုံရေး တိုးမြှင့်ချထားဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ညွှန်ကြားထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024