Home
မြန်မာသတင်း
တန့်ဆည်မြို့တွင် လုံခြုံရေးတင်းကျပ်၊ ဒေသခံများ ကျန်းမာရေးနှင့် စားသောက်ရေး ခက်ခဲ
DVB
·
September 11, 2021
241858504_1206136073196110_2190652020064669693_n
241793024_1206136349862749_2627983933212551690_n
241777727_1206136016529449_5808233126550699533_n
241749186_1206136423196075_4401382841748560704_n
241744843_1206136533196064_4636905435863527248_n
241743739_1206136216529429_7252785698138821134_n
241743405_1206136303196087_1250558336617648099_n
241682535_1206135959862788_7170798206794832702_n

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ စစ်ကောင်စီက လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတာတာကြောင့် ပြည်သူတွေ အိမ်ထဲက အိမ်အပြင်ထွက်မရ ဖြစ်နေပြီး ကျန်းမာရေးနဲ့ စားရေးသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အပြင်ကိုထွက်လို့မရဘူး။ မိန်းကလေးတွေဆိုရင် ပြန်ဝင်ခိုင်းတယ်။ ယောကျ်ားလေးတွေ ဆိုရင် နားပန်ရိုက်ပြီး ပြန်ဝင်ခိုင်းတယ်။ မနေ့ကဆိုရင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး မီးဖွားချင်လို့ မီးသတ်ဌာန အကူအညီတောင်းပြီး ရေဦးဆေးရုံ ပို့လိုက်ရတာ။ အတော်အသင့် ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြဖို့တောင် မလွယ်ဘူး။ ကြာရင် ရိက္ခာပြတ်တော့မှာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က တန့်ဆည်လမ်းဆုံဈေးသစ် အနောက်ဘက်မှာ ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် အခုလို အပြင်ထွက်ခွင့်မရ‌အောင် လုံခြုံရေးတင်းကျပ်ခဲ့တာဖြစ်ပြီး၊၊ ဈေးဆိုင်တွေလည်း ပိတ်ထားသလို ကျန်းမာရေးအတွက် ဆေးခန်းပြစရာမရှိ ဖြစ်ကာ နယ်‌က ဒေသခံတွေလည်း အစစအရာရာ ရေဦးကို သွားလာနေရလို့ အသက်အန္တရာယ် လုံခြုံရေး စိုးရိမ်နေကြရတယ်လို့လည်း ဆိုပါတယ်။

တန့်ဆည်မြို့လမ်းဆုံ၊ ဈေနဲ့လမ်းအချို့မြင်ကွင်းဓါတ်ပုံ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024