စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ တန့်ဆည်၊ ခင်ဦး၊ ရေဦးမြို့နယ်တို့မှာရှိတဲ့ စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် တချို့ကို စက်တင်ဘာလ ၁၀ ရက်က မြေအောက်တော်လှန်ရေး အဖွဲ့တွေက ဖြိုချ ဖျက်ဆီးလိုက်ကြပါတယ်။
မနေ့က တရက်တည်းတင် စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ခင်ဦးမြို့နယ်အတွင်းက ၅ တိုင်၊ ရေဦးမြို့နယ်ထဲက တစ်တိုင်နဲ့ တန့်ဆည်မြို့နယ်ထဲက နှစ်တိုင်လောက်ကို မြေအောက်တော်လှန်ရေးအဖွဲ့တွေက ဖြိုချဖျက်ဆီးလိုက်ကြတာ ဖြစ်ပါတယ်။
ရွှေဘိုခရိုင်အတွင်းမှာတော့ မိုင်တဲလ်တာဝါတိုင် ၂၀ လောက် ဖြိုချဖျက်ဆီး မီးရှို့ပြီးပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်ရဲ့ စီးပွားရေးဒေါက်တိုင်တခုဖြစ်တဲ့ မိုင်တဲလ်ဆက်သွယ်ရေး တာဝါတိုင်တွေကို ဖြိုချဖျက်ဆီးပြီး စီးပွားရေးတော်လှန်ရေးတခုအနေနဲ့ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
Video - ရေဦးနှင့် တန့်ဆည် Mytel တာဝါတိုင် ဖျက်ဆီးပုံ။