Monday, May 29, 2023
HomeLead Storyရေနံချောင်းမြို့ရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

ရေနံချောင်းမြို့ရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့ ယာပြင်-အင်တောလမ်းပေါ်ရှိ Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၀ ရက်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ် 

ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၇ ရက်  မနက်က စစ်ကောင်စီလက်အောက်ခံ ရက်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို သတိပေးတဲ့အနေနဲ့ ရေနံချောင်းမြို့ပေါ်ရှိ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို  ဗုံးဖောက်ခွဲကာ သတိပေးခဲ့ပါတယ်။

ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ  စစ်အာဏာရှင်စနစ်ချေမှုန်းရေးနဲ့ စစ်ကောင်စီ ယန္တရားရပ်တန့်ရေး လုပ်ဆောင်နေပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီယန္တရားနဲဒ့ လုံးဝမပက်သက်ဘဲ တော်လှန်ရေးမှာ အတူပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular