
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ စက်တင်ဘာ ၉ ရက်နေ့ညပိုင်းက ဘိုကုန်းကျေးရွာအနီးရှိ မိုင်တဲလ်တာဝါတိုင်နဲ့ ကျောင်းကုန်းရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဖိုးဝ နေအိမ်ကို ဗုံးခွဲသတိပေးခဲ့တယ်လို့ ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ဆီက သိရပါတယ်။
PPDF တာဝန်ခံတဦးက ''ဒါနဲ့ဆို ပေါက်မြို့နယ်ထဲမှာ မိုင်တဲလ် တိုင် ၂ တိုင်ကို ဖျက်ဆီးနိုင်ခဲ့ပြီ။ နောက်ထပ်လည်း ပြည်သူ့ကာကွယ်ရေး၊ စစ်ကာဏာရှင်ချုပ်ငြိမ်းရေးအတွက် အရှိန်မြင့်ဆောင်ရွက်နေတယ်'' လို့ ပြောပါတယ်။
စစ်ကောင်စီခန့် ကျောင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ကိုလည်း ရာထူးကနေနုတ်ထွက်ဖို့ ဗုံးခွဲသတိပေးခဲ့ပြီး ထိခိုက်ပျက်ဆီးမှုမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ညကလည်း ပေါက်မြို့နယ်၊ ထန်းတောအိုးကျေးရွာအနီးက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို PPDF အဖွဲ့က ဖျက်ဆီးခဲ့ပါသေးတယ်။