Home
မြန်မာသတင်း
ဘောလခဲတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
DVB
·
September 10, 2021
240598195_329177902323057_4218295351298992628_n
240591657_329178438989670_3927512551484306035_n
239630422_329175762323271_6910622534927096129_n

ကရင်နီ (ကယား) ပြည်နယ်၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာနီး စက်တင်ဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် နှမ်းခုတ်နေတဲ့ အရပ်သား အမျိုးသမီး ၁ ဦး ကျဉ်ထိမှန် သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရသူ ၄ ဦးထဲက ၁ ဦးမှာ ဒဏ်ရာပြင်ထန်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်  (KNDF) က သတင်းထုတ်ပြန်ထားပါတယ်။

 မနေ့ညကလည်း ဒီးမော့ဆိုမြို့နယ် ရဲစခန်းနဲ့ ဒီးမော့ဆိုအခြေစိုက်တပ်ရင်းတွေကနေ လက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ငွေတောင်ကျေးရွာနဲ့  ဒီးမော့ဆိုရပ်ကွက်တွေထဲမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီးမော့ဆိုကျေးရွာအုပ်တွေမှာ တပ်တွေဖြန့်ထားသလို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိသေးဘူးလို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရသူများကို ဆေးရုံတင်ပို့စဉ် (ဓာတ်ပုံ - ထာဝရတွဲလက်များ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024