DVB Logo
Home
မြန်မာသတင်း
ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး
DVB
·
September 10, 2021
ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး
1 / 3
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ စက်တင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ မြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးခဲ့တယ်လို့ CDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ထန်တလန်မြို့ပေါ်တစ်နေရာမှာ မနေ့က မွန်းလွဲ ၁ နာရီလောက်က CDF ထန်တလန်နဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံး ပြီးတော့ CDF ဘက်က ထိခိုက်ကျဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ မြို့ထဲမှာ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်တာကြောင့် ပြည်သူ ၄ ယောက်သေဆုံးခဲ့ပြီးတော့ နေအိမ်တွေ ပျက်စီးတဲ့အပြင် နေအိမ်တစ်လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေအနေနဲ့ ပြည်သူတွေကို အကြမ်းဖက်၊ ညအချိန်မတော် ဧည့်စာရင်း စစ်ကာ ပြည်သူ့လုံခြုံရေးကို ထိပါးနေသရွေ့ CDF ထန်တလန်က အမြစ်ပြတ်တိုက်ခိုက်​ခြေမှုန်း သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013