စစ်ကောင်စီအကြမ်းဖက်အဖွဲ့၏ အခြေစိုက်တပ်စခန်း ၂ ခုကို KNU နှင့် KNDO တို့က သိမ်းပိုက်

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့  အခြေစိုက်တပ်စခန်း ၂ ခုကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ KNDO တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ကေအန်ယူ ဗဟိုက  စက်တင်ဘာလ ၉ ရက် ဒီကနေ့ ကြေညာပါတယ်။ 

ကေအန်ယူတပ်မဟာ ၃ နဲ့ တပ်မဟာ ၅ အကြားက ကဘောတူအရပ်ဒေသက အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုကို ကေအန်ယူတပ်မဟာ ၃ က ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)  တပ်ရင်း ၃ တပ်ဖွဲ့နဲ့  ကေအန်ယူ တပ်မဟာ ၅ က တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီနေ့ မနက် ၄ နာရီအချိန်ခန့်က တိုက်ခိုက်သိမ်းပိုက်လိုက်တာလို့ဆိုပါတယ်။

အဲဒီတပ်စခန်းတွေကို သိမ်းပိုက်ခံရပြီးနောက်  အာဏာသိမ်း စစ်ကောင်စီက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာအနီးတဝိုက်နဲ့ မူတြော်ခရိုင်က ယယ်မူပလောကျေးရွာကို လေယာဥ်နဲ့ လာရောက်ကြည့်ရှု ထောက်လှမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါတိုက်ပွဲဖြစ်စဉ် နဲ့ ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် ဆက်လက်ဖော်ပြသွားမယ်လို့လည်း  ကေအန်ယူ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

More News
Up