Monday, May 29, 2023
HomeLead Storyပုလဲမြို့နယ်တွင် အမျိုးသား ၂ ဦး အသတ်ခံရ

ပုလဲမြို့နယ်တွင် အမျိုးသား ၂ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် လှော်ကားကြီးကျေးရွာ ပျူစောထီးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးကို စက်တင်ဘာ ၈ ရက် မနက်ပိုင်းမှာ အ မည်မသိအဖွဲ့တစ်ဖွဲက ခေါ်ဆောင်သွားပြီး ဦးခေါင်ဖြတ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင် အသတ်ခံရသူတွေကတော့ ပုလဲမြို့ပျူစောထီးခေါင်းဆောင် မြတ်လေးရဲ့လက်ထောက် ဦးမောင်စိုး (အသက် ၄၅) နဲ့ ဦးမောင်တိုး (အသက် ၆၀) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမောင်စိုးဟာ လှော်ကားကျေးရွာက CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေတာကြောင့် သတ်ဖြတ်ခံရတာဖြစ်ပြီး ဦးမောင်တိုးကိုတော့ ဘာကြောင့် ဖမ်ဆီးသတ်ဖြတ်တယ်ဆို မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့ကို မနက်ခင်းက ဖမ်းခေါ်သွားပြီး နေ့ခင်းပိုင်း‌လောက်မှတော့ လှော်ကားကြီးရွာနဲ့ တနယ်ရွာအကြား လမ်းက တံတားနားမှာ ဦးခေါင်းဖြတ်ပြီး ချိတ်ထားတာတွေ့ ရတယ်။”

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေး ပျူစောထီးလို့ အမည်ထွက်နေတဲ့  လူ ၂၀ လောက်ကိုလည်း စစ်ကောင်စီအလိုကျ ပြည်သူသစ္စာဖောက်လုပ်နေပါက မိသားစုတွေအပါအဝင် လုံခြုံရေးအာမ မခံနိုင်ကြောင်း သတိပေးထားတယ်လို့ ဒလန်ရှင်းလင်းရေး အဖွဲဝင်တဦးက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular