Thursday, June 8, 2023
HomeLead Storyကျောက်ထု PDF က စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

ကျောက်ထု PDF က စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်းဒေသကြီး ကျောက်ထုဒေသမှာ စက်တင်ဘာလ ၉ ရက်နေ့မနက်ပိုင်းမှာ PDF တပ်ဖွဲ့က စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PDFတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကျောက်ထုကနေ ပခုက္ကူမြို့ဘက်ကိုသွားတဲ့ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း ကား ၄ စီးကို ပုံတောင်ပုံညာ တစ်နေရာမှာ ကျောက်ထု PDF တပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်တာကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရသူတွေများပြားနိုင်ပေမယ့် တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေနေတွေကြောင့် အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ပစ်ခတ်နေပေမဲ့ ကျောက်ထု PDF တပ်ဖွဲ့ဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular