တန့်ဆည်မြို့နယ်တွင် Mytel တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှာ Mytel တာဝါတိုင် ၂ တိုင်  စက်တင်ဘာ ၈ ရက် ညပိုင်းက ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

တန့်ဆည်မြို့နယ်၊ ကုန်စွာအုပ်စုထောင်သွင်းကျေးရွာအနီးရှိ MyTel တာဝါတိုင်နဲ့ လယ်တီးအုပ်စု ကံသစ်ကျေးရွာ အရှေ့ဘက် MyTel တာဝါတိုင်တို့ ဖောက်ခွဲဖျက်ဆီးခံရတာဖြစ်ပါတယ်။  

''ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတယ်၊ Myel တာဝါတိုင် ပေါက်ကွဲတယ် ကြားတာပဲ''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက  ပြုလုပ်ခဲ့တယ်ဆိုတာကို  ထုတ်ပြန်ထားတာ  မရှိသေးပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တချို့မှာ  စစ်တပ်ပိုင်  Mytel တာဝါတိုင်တွေ ဆက်တိုက် ဖျက်ဆီးနေရတာ ဖြစ်ပါတယ်။

More News
Up