Monday, May 29, 2023
HomeLead Storyမန္တလေး အမှတ် ၆ ရဲစခန်း လက်လုပ်ဗုံးဖြင့် အပစ်ခံရ

မန္တလေး အမှတ် ၆ ရဲစခန်း လက်လုပ်ဗုံးဖြင့် အပစ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြားရှိ အမှတ် ၆ ရဲစခန်း​ကို စက်တင်ဘာလ ၈ ရက် နေ့လယ်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

ဆိုင်ကယ်စီး လူနှစ်ယောက်က လက်လုပ်ဗုံးနဲ့ ပစ်​ပေါက်သွားတာဖြစ်ပြီး လက်လုပ်ဗုံးဟာ ရဲစခန်း၀င်း​ရှေ့ အ​နောက်ဘက်ခြမ်း ဘန်ကာအနီး ကျ​ရောက်​ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒီလို လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်တာမရှိခဲ့ဘူးလို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇  ရက်နေ့က စလို့  ခုခံစစ် ကြေညာလိုက်ပြီးနောက် မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ နေရာပေါင်းစုံ ပုံစံအမျိုးမျိုးနဲ့ ရှိနေကြပါတယ်။

မန္တလေးမြို့နေရာအနှံ့မှာ လုံခြုံရေးတင်းကျပ်ထားပေမယ့်လည်း နေရာ အတော်များများမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ကင်းစောင့်စစ်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့ရဲ့ လုံခြုံရေး တင်းကျပ်ထားတဲ့ သမန်းကုန်း၊ သိုးခြံ၊ ကျွဲဆည်ကန် ကားကွင်းအနီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ရပ်ကွက်ရုံးနဲ့ တပ်စွဲကင်းစောင့်နေတဲ့ နေရာတွေမှာ ပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမှာ အကြမ်းဖက်စစ်တပ်တွေက အရပ်ဝတ်နဲ့ ကင်းလှည့်တာ၊ ထပ်တိုးကင်းစောင့်တာ၊ တပ်စွဲထားတဲ့နေရာတွေမှာ အင်အားထပ်ဖြည့်တာတွေ  ပြုလုပ်နေတဲ့အပြင် စစ်ကားအစား အိမ်စီးကားတွေကို အသုံးပြုလှည့်လည်နေတာတွေလည်းရှိနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular