သမိုင်းမီးပွိုင့် ယာဉ်ထိန်းရဲကင်းကို ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့က ဗုံးခွဲ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သမိုင်းမီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်းကို စက်တင်ဘာ ၈ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ဗုံးခွဲတိုက်ခိုခဲ့တယ်လို့  ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့က  သတင်းထုတ်ပြန်ထားပါတယ်။

ဗုံးကွဲမှုကြောင့် လူတွေထိခိုက်ဒဏ်ရာရ သေဆုံးတာ မရှိဘူးလို့ အနီးနားရှိ ရပ်ကွေနေပြည်သူတွေက ပြောပါတယ်။

ဒီနေ့မှာ ရန်ကုန်မြို့သမိုင်းမီးပွိုင့်အပါအဝင် ကြည့်မြင်တိုင်မြို့နယ် အေရှားဝေါ ဆိပ်ကမ်းအနီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရွှေလီလမ်းနဲ့ ရတနာလမ်းထောင့်၊ တောင်ဒဂုံ ဧရာ၀ဏ်လမ်းပေါ် ဧရာချမ်းသာ ကွန်ဒိုအနီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်  ရတနာလမ်းနဲ့ ယုဇန အနောက်ဘက် ယာဥ်ထိန်းရဲ မီးပွိုင့်အဆောင်စတဲ့ နေရာ အနှံ့အပြား ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

More News
Up