မကွေးတိုင်း၊ ရေစကြိုမြို့ စိုက်ပျိုးရေးရုံးအတွင်းမှာ စက်တင်ဘာ ၈ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်က ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “အသံကြားလိုက်တယ်။ ဘာတွေထိသွားလဲ မသိရသေးဘူး။ ရဲနဲ့ စစ်သားတွေ ရောက်လာပြီးတော့ လမ်းသွားလမ်းလာတွေကို စစ်နေတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရမှု ရှိ၊ မရှိနဲ့ အဆောက်အအုံတွေ ပျက်စီးမှု ရှိ၊ မရှိ သိရှိနိုင်ဖို့ DVB က ဆက်လက်စုံစမ်းနေပါတယ်။
ရေစကြို၊ စိုက်ပျိုးရေးရုံးက ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့တွေကမှ သူတို့ရဲ့ လက်ချက်လို့ ကြေညာချက်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။