Home
မြန်မာသတင်း
ပုဂံတွင် နှစ်ပေါင်း ၉၀၀ ခန့် သက်တမ်းရှိ အုတ်တိုက်အမှတ် ၁၃၁၅ ပြိုကျပျက်စီး
DVB
·
September 7, 2021
240585118_3071149879808717_12840202309226745_n
239812963_3071149923142046_3940558966310297035_n
241265275_3071149829808722_6207371380269558149_n
240777041_3071149786475393_625674531680857637_n
240730735_3071149743142064_6648862757031832286_n

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းရှိ အုတ်တိုက်အမှတ် ၁၃၁၅ ဟာ စက်တင်ဘာ ၆ ရက် ည ၇ နာရီခွဲက ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီ အုတ်တိုက်အမှတ် ၁၃၁၅ ဟာ နှစ်ပေါင်း ၉၀၀ လောက် သက်တမ်းရှိပြီး မိုးရွာသွန်းမှု များခဲ့လို့ ပြိုကျခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောပါတယ်။

အုတ်တိုက်အမှတ် ၁၃၁၅ ဟာ မြင်းကပါကျေးရွာအုပ်စု၊ မြင်းကပါရွာ၊ ရွှေစေတီဘုရားရဲ့ အရှေ့ဘက် ပုဗ္ဗာရုံဗိမာန်ရဲ့  မြောက်ဘက်ရှိ အလျား ပေ ၂၀ ပေ ၊ အနံ ပေ  ၂၀ ၊ အမြင့် ပေ ၂၀ ရှိတဲ့ အုတ်တိုက်တစ်ခုဖြစ်ပါတယ်။  

အဲဒီအုတ်တိုက်ပြိုကျမှုမှာ အလျား ၁၅ ပေ၊ အမြင့် ၈ ပေ၊ ထု ၂ ပေ လောက် ပျက်စီးဆုံးရှုံးခဲ့ရာ မူလပုံစံအတိုင်း ပြုပြင်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ရှေးဟောင်းသုတေသနနှင့်အ အမျိူးသားပြတိုက်ဦးစီးဌာနကနေ  သိရပါတယ်။

သြဂုတ် ၃၁ ရက်က ပုဂံ-ညောင်ဦးမြို့နယ် ဖွားစောကျေးရွာအုပ်စု၊ အနောက်ဖွားစောကျေးရွာရဲ့ အနောက်ဘက်မှာ  နှစ်ပေါင်း ၈၀၀ သက်တမ်းရှိ ဘုရားအမှတ် ၈၀၁ သံပျင်စွာဘုရားရဲ့ တောင်ဘက်နံရံ ပြိုကျခဲ့ပါတယ်။ 

Photo - ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024