မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာက စစ်ကောင်စီ သတင်းလို့ လူပြောများနေတဲ့ အောင်ဆန်းဦးနဲ့ ဇနီးဖြစ်သူကို စက်တင်ဘာ ၇ ရက်နေ့မနက် ၁၀ ဝန်းကျင်လောက်က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ 27 Revolution Force က ထုတ်ပြန်ထားပါတယ်။
မြင်းခြံမြို့ ထိန်ပန်းရွာ၊ ရွာပေါက်လမ်းအဝင်မှာ ပစ်ခတ်ခံခဲ့ရတာကြောင့် စစ်ကောင်စီသတင်းပေး အောင်ဆန်းဦး နဲ့ ဇနီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့က စစ်ကိုင်းနဲ့ မကွေးက စစ်ကောင်စီတပ်တွေကို ချေမှုန်းဖို့ ပြည်သူ့ကာကွယ်ရေးအင်အားစု ၁၄ ခု မဟာမိတ်အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့ပြီး 27 Revolution Force အဖွဲ့လည်း ပါဝင်ပါတယ်။